Posted on August 13, 2009 |
No Comments
ကဒ်ရ်ညဥ့်မြတ်အကြောင်း ရမသွာန်လမြတ်၏ ညများအနက် ညတစ်ညကို ကဒ်ရ် ညမြတ်ဟုခေါ်လေသည်။ ထိုညကား အလွန်ပင်မွန်မြတ် “ဘရ်ကတ်” ရှိသော ညဖြစ်ပေသည်။ ကုရ်အာန်ကျမ်းတော်မြတ်၌ ထိုညကို လပေါင်းတစ်ထောင်ထက် သာမြတ်သည်ဟုမိန့်ဆိုထားပေသည်။ လပေါင်းတစ်ထောင်သည် ၈၃ နှစ်. ၄ လဖြစ်ပေသည်။ ကဒ်ရ် ညဥ့်ဖြစ်ပေါ်လာပုံ * ဟဒီးသ်တော်များတွင် လာရှိသည်မှာ ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်သည် လွန်လေပြီးသော သူများ၏ သက်တမ်းကို ကြည့်တော်မူလေရာ၊ အသက်ရှည်လွန်းနေသည်ကို တွေ့ရပေသည်။ ကိုယ်တော်၏ အွမ္မတ်သားမျာသည် ထိုပုဂ္ဂိုလ်များနှင့်စာလျှင် သက်တမ်းအလွန်တိုတောင်းလှပေသည်။ ကောင်းမှုကုသိုလ်များကို လွန်လေပြီးသော ပုဂ္ဂိုလ်များနှင့် တန်းတူပြုမူကြသော်လည်း ၎င်းတို့က အသက်ပိုရှည်နေသဖြင့် တန်းတူမဖြစ်နိုင်ပေ။...
Full Story
Recent Comments